စက်ဝိုင်း
Filed under ကျွန်တော်ချစ်တဲ့ကဗျာ by indevildual on 06-12-2009
ဝလုံးရေးစ ကတည်းက
သုညနဲ့ စတင်ခဲ့တာ
လက်ဝါးနှစ်ဖက်ဖြန့်လိုက်
အဲဒီအရေးအကြောင်းတွေနဲ့ပဲ
နုတ်ဆိတ်ငြိမ်သက်သွားရမှာ
ပိုင်ဆိုင်နိုင်တယ်
ဆုံးရှုံးနိုင်တယ်
ဂုဏ်ယူနိုင်တယ်
ပူးဆွေးနိုင်တယ်
ပြီးတော့ မေ့လျော့နိုင်ရမယ်…
မင်းရော
ငါးဆယ်လား ခြောက်ဆယ်လား
ငါရော
ဒီနေ့လား နက်ဖြန်လား
မျက်တောင်တစ်ဖျတ်ပဲ …
ပြိုင်ဆိုင်မှုမရှိတော့ဘူး
နာကျင်မှုမရှိတော့ဘူး
တိုက်ဆိုင်မှုမရှိတော့ဘူး
လွဲချော်မှုမရှိတော့ဘူး
မင်းမရှိတော့ဘူး
ငါမရှိတော့ဘူး
ငြိမ်းပြီ …
စမ်းကြည့်လေ
ငါ့ရင်ဘတ်ကို ထိုးတဲ့ ဓါးသွားက
မင့်နောက်ကျောကိုစိုက်ဝင်နေတာ
သံသရာပဲ …
ငါလည်း ငါဝင်စား
မင်းလည်း မင်းဝင်စား
ရပ်တန့်မရမှတော့
ဇက်ကုန်ဖွင့် မိုက်မဲနေလိုက်ရုံပဲ …………….. …….. .